Home Ads

Sunday, May 19, 2019

Tarzan The Heman(2018)



                    Tarzan The Heman(2018) (မြန်မာစာတန်းထိုး)



ကာဗြာနဲ့သူမရဲ့သူငယ်ချင်းတွေဟာ အားလပ်ရက်ကို အန်ဒမန်မှာ ပျော်ကြဖို့စီစဉ်ထားပါတယ်။ အဲ့ဒီကိုရောက်တော့ အကုန်လုံးအပျော်လွန်ပြီး လျောက်လုပ်ကြပါတယ်။ သူတို့ရဲ့ အပြုအမူတွေကြောင့် ရဲတွေလိုက်ဖမ်းတာကို ထွက်ပြေးရင်း တောတွင်းသား ဂျာရာကို သူမရဲ့ ကားနဲ့တိုက်မိသွားပါတယ်။ ဂျာရာဟာ ခေါင်းမှာဒဏ်ရာရသွားပြီး သွေးတွေထွက်နေပါတယ်။ ကာဗြာဟာ တောတွင်းသားဂျာရာရဲ့ အသက်ကိုကယ်တင်ဖို့အတွက် ပိုကောင်းတဲ့ ဆေးကုသမှုပေးနိုင်တဲ့ ချင်းနိုင်က ဆေးရုံကိုခေါ်သွားပါတယ်။ ပထမတော့ တောတွင်းသား ဂျာရာရဲ့စကားကို နားမလည်တဲ့အတွက် ကာဗြာတစ်ယောက် နားလည်မှုတွေလွဲပြီး ဒုက္ခအကြီးအကျယ် ရောက်နေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကာဗြာဟာ တောတွင်းသားဂျာရာကို လေ့ကျင့်ပေးရင်းကနေ ဘာသာစကား ကွာခြားပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်တွေ ခိုင်မြဲလာပါတယ်။ ကာဗြာ့သူငယ်ချင်းဗစ်ကီဟာ သူမကိုအတင်းအကြပ် ချုပ်ကိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဗာစီခေါ် ဂျာရာကကယ်တင်နိုင်ခဲ့ပါတယ်။ ဗစ်ကီရဲ့အဖေ ဘီလျံနာသူဌေးကြီးဟာ ဗာစီကို အပြစ်ပေးချင်နေပါတယ်။ ကာဗြာဟာ ဂျာရာကို ကူညီဖို့ကြိုးစားပေမယ့်လည်း ဂျာရာ့ကို အန်ဒမန်ကို အတင်းအဓမ္မ ပို့လိုက်ကြပါတယ်။ ကာဗြာလည်း အန်ဒမန်ကို လိုက်လာခဲ့ပါတယ်။ ရာဂျာရှခါလည်း ကာဗြာကိုလိုက်ရှာဖို့အတွက် အန်ဒမန်ကို ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ကာဗြာကတော့ မြို့ပြဘဝကို စိတ်ကုန်နေပြီး ဂျာရာကိုလည်း ချစ်နေတာကြောင့် သူ့ရဲ့ မျိုးနွယ်စုတွေနဲ့ သူတို့ရဲ့နေပုံထိုင်ပုံတွေအတိုင်းပဲ နေချင်တယ်လို့ ပြောလာပါတယ်။ ဂျာရာနဲ့ ကာဗြာတို့နှစ်ယောက် ကြိုက်သွားကြပြီးတော့ ရာဂျာရှခါလည်း သူတို့ကိုမနှောင့်ယှက်တော့ဘဲ ထွက်လာခဲ့ပါတော့တယ်။

                                                   Download Link -Openload 720P-

No comments:

Post a Comment